ကညနမှတ်ပုံတင်ကြေးများ ထက်ဝက်လျော့ချပေးပီ
လူစီးမော်တော်ယာဉ်များအတွက် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားများ ဖြေလျှော့သတ်မှတ်ကြောင်း အသိပေးကြေညာခြင်း
၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနသည် COVID-19 ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့်အနေဖြင့် လူစီးမော်တော် ယာဉ်များအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံလျက်ရှိသည့် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားများကို ၇-၈-၂၀၂၀ ရက်(သောကြာနေ့)မှ စတင်၍ အောက်ပါနှုန်းထားများအတိုင်း လျှော့ချ ကောက်ခံမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
စဉ် လူစီးယာဉ် အမျိုးအစား လက်ရှိ ကောက်ခံ သည့်နှုန်း လျှော့ချ ကောက်ခံ သည့်နှုန်း
(က) စက်စွမ်းအား ၁၃၅၀ စီစီ နှင့် အောက် ၃၀ % မှ ၁၅ %
( ခ ) စက်စွမ်းအား ၁၃၅၁ စီစီ မှ ၂၀၀၀ စီစီ အထိ ၅၀ % မှ ၂၅ %
( ဂ) စက်စွမ်းအား ၂၀၀၁ စီစီ မှ ၅၀၀၀ စီစီ အထိ ၈၀ % မှ ၄၀ %
(ဃ) စက်စွမ်းအား ၅၀၀၁ စီစီနှင့် အထက် ၁၂၀ % မှ ၆၀ % သို့ လျော့ချပေးလိုက်ပီ
CIF အခွန်ကလည်း ချ ခုကညန မှတ်ပုံတင်ကလည်းချ လုံးဝကျပီဗျာ။
ဝန်ထမ်းပါမစ်ပါ ထပ်ချပေးလိုက်ရင်တော့
- ကျော်ကြီး(MDY)
Credit- K Thein swe

